Monday, August 12, 2013

Root of all Evil?


Professor Richard Dawkins ဆိုတာ ကမ္ဘာပေါ်မှာ အထင်ရှားဆုံး နာမည်အကြီးဆုံး Atheist တစ်ယောက်ပါ။  Atheist ဆိုတာကတော့ ထာဝရဘုရားတည်ရှိခြင်းကို ငြင်းပယ်သောသူလို့ ဆိုလို့ရပါ လိမ့်မယ်။ အလွယ်ပြောရရင်တော့ ဘုရားမဲ့ ၀ါဒီပေါ့။ သူက သိပ္ပံပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။

သူရဲ့ Documentary "Root of all Evil?" ထဲမှာ ဘာကြောင့်သူငြင်းပယ်ရတယ်ဆိုတာ သေချာရှင်းထားပါ တယ်။ သူရဲ့ စာအုပ် God Delusion ဆိုတာကလည်း Best Seller စာအုပ်တစ်အုပ်ပါ။ 

တစ်ချို့ကိစ္စတွေက မှန်မှား ဆုံးဖြတ်ဖို့ခက်ပါတယ်။ အဲဒါကြောင့် သူ့ရဲ့Documentry 1 to 5 ကိုကြည့် ပြီးမှ မိမိအသိဥာဏ်နဲ့ ဆုံးဖြတ်ကြည့်ကြပါ။

Root of all Evil? 1/5
Root of all Evil? 2/5
Root of all Evil? 3/5
Root of al Evil? 4/5
Root of all Evil? 5/5

Sunday, March 31, 2013

တရားမျှတမှု့

လူတော်တော်များများက တရားမျှတမှု့ကို လိုချင်ကြတယ်။

အဲ ခက်နေတာက
ကိုယ်ကိုယ်သူများက တရားမျှတတာကိုပဲ လိုချင်ကြတယ်ဗျ။
ကိုယ်ကကြတော့ သူများကို တရားမျှတချင်မှ မျှတလိမ့်မယ်။

မိုးတိမ်ညို

Saturday, March 16, 2013

ကမ္ဘာသစ်နှင့် ကမ္ဘာဟောင်း

ဂျက်ကီချမ်းပါတဲ့  1911 Revolution တရုတ်ပြည်တော်လှန်ရေးဇာတ်ကားလေးကို ကြည့်မိရင်း  တိုက်ဆိုင်တဲ့ အကြောင်းလေး တွေ့လာလို့။

1911 မှာ တရုတ်ပြည်မှာရှိတဲ့ Qing မင်းဆက်ကို ခေတ်သစ်တော်လှန်ရေးသမားတွေက တော်လှန်တဲ့ အကြောင်းလေးပါ။ မိတ်ဆွေလည်း သိမှာပါ။ ဒေါက်တာဆွန်ယက်ဆင်က ဦးဆောင်တာပါ။ ဥပမာ အနေနဲ့ ပြောရင် မင်းတုန်းမင်းတို့ သီပေါမင်း အစရှိတဲ့ ကုန်းဘောင်မင်းဆက်ကို ဗိုလ်ချုပ်အောင်ဆန်း တို့လို့ ခေတ်ပညာတတ်တွေက တော်လှန်တဲ့ သဘောပါ။ ဘုရင်စနစ်အစား republic နိုင်ငံ ထူထောင်ကြဖို့ပါ။ ခေတ်နဲ့ အညီပြေးနေတဲ့ အတွေးအခေါ်ပိုင်ရှင်တွေနဲ့ ခေတ်နောက်ပြန်ဆွဲနေတဲ့ ပရေသရာဇ်တွေ ကြားဖြစ်တဲ့ တော်လှန်ရေးပါ။ ဒါကတော့ ဇာတ်လမ်းကျောရိုးပေါ့။

အဲဒီထဲက ဇာတ်ဝင်ခန်းတစ်ခုမှာ ဒေါက်တာဆွန်ယက်ဆင်တို့ ခေတ်ရှေ့ပြေးလူတစ်စု အစည်းအဝေး လုပ်နေတုံး သေနတ်သမားတစ်ယောက်က လုပ်ကြံတယ်။ ကံကောင်းလို့ ဘယ်သူမှတော့ ထိခိုက်ဒဏ်ရ မရကြဘူး။ အဲဒီသေနတ်သမားကို မိတော့ Qing မင်းဆက်ကို သစ္စာခံတဲ့ လူတစ်ယောက်ဖြစ်နေတယ်။ သူက သူ့ကို စစ်မေးမလို့ လုပ်နေတုံးသူက ဆွန်ယက်ဆင်က လူဆိုး ၊ လူယုတ်မာ အရမ်းမြင့်မြတ်တဲ့ Qing မင်းဆက်သာ ကောင်းတယ်လို့ တတွင်တွင်အော်နေပါတယ်။ ခေတ်နောက်ပြန်ဆွဲတဲ့ အတွေး အခေါ် ဘောင်ခတ်ထားတဲ့ သူတစ်ယောက်ဆိုတာ သိသာနေပါတယ်။

အဲဒါကို ဂျက်ကီချမ်းက ကြည့်ပြီး စိတ်ပျက်လက်ပျက်နဲ့ အဲဒီလူကို စစ်ဆေးမလို့ လုပ်နေတဲ့ သူကိုပြောတယ်။

It is no use  interrogating him.
We live in entirely different worlds.

သူပြောချင်တာက ဒီလိုအတွေးအခေါ်လိုက်မမှီတဲ့သူကို စစ်နေလို့လည်း အပိုပဲ။ ရှင်သန်ကြီးပြင်းတဲ့ အခြေအနေချင်းမတူတော့ သူဘယ်လိုမှ နားလည်နိုင်မှာမဟုတ်ဘူးပေါ့။ တို့ရည်ရွယ်ချက် တို့စေတနာကို လည်းနားလည်မှာမဟုတ်ဘူးပေါ့။ ဘုရင်စနစ်နေ republic ကိုပြောင်းရမယ့် ရည်ရွယ်ချက်ကိုနည်း အဲဒီလူ ဘယ်လိုမှာ နားလည်မှာ မဟုတ်ဘူးလေ။ နေထိုင်တဲ့ ကမ္ဘာခြင်းမှ မတူတာကိုး။

အဲလိုပဲ။ ကျွန်တော်တို့လည်း အမေစုကို ပြောချင်ပါတယ်။

It is no use to explain them.
We live in entirely different worlds.

Mrach 2013
မိုးတိမ်ညို

(အဲဒီဇာတ်ဝင်ခန်းလေး ကြည့်ချင်ရင်အောက်မှာ ကြည့်ကြည့်ပါ)


Thursday, March 14, 2013

ခရမ်းချဉ်သီးခင်း နှင့် သူရူးများ

အကယ်၍ လူတစ်ယောက်သည် သူ၏ အိမ်နောက်ဖက်ရှိခရမ်းချဉ်သီးခင်းအောက်တွင် ရွှေကြောရှိသည်ကို သိပြီ ဆိုပါစို့။ ထိုသူသည် ခရမ်းချဉ်သီးခင်းလေး အပျက်မခံနိုင်သဖြင့် ထိုရွှေကြောကို မတူးတော့ဟု ဆုံးဖြတ်လျှင် ထိုသူအား (ဆရာကြီးရွှေဥဒေါင်းလေဖြင့် ပြောရလျှင်) သူရူးဟု ဆိုကြပေလိမ့်မည်။

လက်ပန်တောင်းတောင် စီမံကိန်းသည်လည်း ထိုကဲ့သို့ပင် ဖြစ်ပါလိမ့်မည်။ အခု ထိုစီမံကိန်း လုံးဝရပ်ဆိုင်းရေးဟု တာင်းဆိုနေသော သူတစ်ချို့ကို အံ့သြမိပါသည်။ တကယ်တောင်းဆိုသင့်တာက ထိုစီမံကိန်းကြောင့် အမှန်တကယ် နစ်နာသူတွေအတွက် မျှမျှတတဆောင်ရွက်ပေးရန်၊ ထိုစီမံကိန်းကို ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှု့နည်းနိုင် သမျှအနည်းဆုံး ဖြစ်စေရန်သာ တောင်းဆိုဖို့လိုပါသည်။ 

ဥပမာ ရန်ကုန် မန္တလေး အမြန်လမ်းမဖောက်လုပ်ရာတွင် လူနေအိမ်များပါသဖြင့် ထိုအမြန်လမ်းလမ်းမ ဖောက်လုပ်ခြင်းကို ရပ်ဆိုင်းပေးပါဟု တောင်းဆိုသကဲ့သို့ပင်။

ထိုသူများသည် သူရူးများသာ ဖြစ်ပါလိမ့်မည်။


မိုးတိမ်ညို

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP